International News

COVID-19 ကြောင့်ထိခိုက်ရသည့် လုပ်သားဝန်ထမ်းများအတွက် အထူးထောက်ပံ့ကြေးအဖြစ် စုစုပေါင်းတန်ဖိုး ကိုရီးယားဝမ် ၁.၅ ထရီလီယံအား တောင်ကိုရီးယားအစိုးရမှ ထောက်ပံ့မည်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းစျေးကွက် တည်ငြိမ်စေရေးနှင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုအား ကာကွယ်ရန်ရည်ရွယ်၍ COVID-19 ကြောင့်  Quarantine ဝင်ရခြင်းများအပါအဝင် အလုပ်အကိုင်နှင့်ဝင်ငွေထိခိုက်ခဲ့ရသည့် အချိန်ပိုင်းဝန်ထမ်း လုပ်သားများအတွက် အထူးထောက်ပံ့ကြေး အဖြစ် စုစုပေါင်းတန်ဖိုး ကိုရီးယားဝမ် (၁.၅) ထရီလီယံကို တောင်ကိုရီးယားအစိုးရမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ လျစ်လျူရှုခံထားရသော အခွင့်အလမ်း နိမ့်ပါး သည့်အလုပ်သမားဝန်ထမ်းများအတွက် အလုပ်အကိုင်ရေးရာလုံခြုံမှုကွန်ယက်ကိုမြှင့်တင်ရန် ကြိုးစားပေးသည့်အနေဖြင့် အဆိုပါ  ကိုရီးယားဝမ် (၁.၅) ထရီလီယံကို အလုပ်အကိုင်တည်ငြိမ်ရေး ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ     Mr. Hong Nam-ki မှ ၇-၅-၂၀၂၀ ရက် နေ့တွင် ဆိုးလ်မြို့ Government Complex ၌ ပြုလုပ်ခဲ့သော အရေးပေါ်စီးပွားရေးရာမူဝါဒညှိနှိုင်းသည့် အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုသို့ပံ့ပိုးပေးနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရအနေဖြင့် ဝမ် (၉၄၀) ဘီလီယံ တန်ဖိုးရှိ အရံရန်ပုံငွေများကို ယခင်အပတ်အတွင်းကအတည်ပြုခဲ့ကြောင်း၊ ကျန်သောငွေပမာဏကို တတိယအကြိမ်ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းရန်စီစဉ်ထားကြောင်း၊ အသေးစိတ်အနေဖြင့် သတ်မှတ်ချက်များနှင့်အကျုံးဝင်သူ (၉၃၀,၀၀၀) ခန့်အားတစ်လလျှင် ဝမ် (၅၀၀,၀၀၀)ခန့်ကို သုံးလစာယာယီပံ့ပိုးပေးသွားမည့် အစီအစဉ်များပါဝင်ကြောင်း၊ ဤအထူးထောက်ပံ့ကြေးရန်ပုံငွေသည် တစ်သီးပုဂ္ဂလအဖြစ် လုပ်ငန်းလုပ်ကိုင်သူများ(Freelancers)၊ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်ဆုံးရှုံးရသူ (သို့မဟုတ်) လစာမဲ့ခွင့်ကို အမိန့်အရ မဖြစ်မနေလက်ခံလိုက်ရသော အချိန်ပိုင်းဝန်ထမ်းများ၊ အငယ်စားစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများအတွက် အထူးရည်ရွယ်ကြောင်း၊ တစ်နှစ်လျှင်ဝင်ငွေ ဝမ် (၅၀) သန်းမှ (၁၅၀) သန်းအတွင်း ရရှိသူများအနက် ဝင်ငွေ၏ (၂၅) ရာခိုင်နှုန်းအထက် လျော့ကျသွားသူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့ )

Category: International News